KG ကိန်းများကိုရေတွက်ခြင်း ၊ဖတ်ခြင်း ၊ ရေးခြင်း လုပ်ငန်းဆိုင်ရာများ၁ မှ ၁၀အထိ (၂၀. ၅.၂၀၂၅)

 KG ကိန်းများကို ရေတွက်ခြင်း ၊ ဖတ်ခြင်း ၊ 

ရေးခြင်း လုပ်ငန်းဆိုင်ရာများ

၁ မှ ၁၀အထိ (၂၀. ၅.၂၀၂၅) 

===============================


သင်ခန်းစာကို မစတင်မီ လေ့ကျင့်သင်ကြားပေးရန်

အဆင့် ၆ဆင့်ရှိသည်ကို ဖော်ပြထားပါသည်။


အဆင့် ၁ 


..သင်ကြားရမည့်ကိန်းများ ကလေးများအလွယ်တကူသိရှိသွားနိုင်စေရန် နည်းလမ်းအမျိူးမျိုးဖြင့်သင်ကြားခြင်း


ဥပမာ..


ကိန်းဂဏန်းပါကဗျာများ (အမူအယာပါဝင်ခြင်း)


ကိန်းကတ်ပြားများကိုအသုံးပြု၍သင်ကြားခြင်း


အဆင့် ၂


သိရှိသွားသော ကိန်းများကို ရေးသားခြင်း


(က) အဆွဲအငင် ( လေပေါ်တွင် ရေးဆွဲစေခြင်းစသည်ဖြင့်) သိရှိစေရန်သာ


ဒီနေရာမှာ လေးကြောင်းမျည်းထဲ တွင်


၁... အလယ်မျည်းထဲတွင်ရှိသော ကိန်းများ

၂... အောက်မျည်းကြောင်းထိသောကိန်းများ

၃...အပေါ်မျည်းကြောင်းထိ သော ကိန်း....ဟူ၍ပိုင်းခြား၍သင်ကြားရမည်။


ပါဝင်သောကဗျာ.

" ကိန်းဂဏန်းများ ရေးတဲ့အခါ အပေါ်မှာ ၆ ကျန်တာအောက် "


အဆင့် ၃


အနဲအများ သို့မဟုတ် အသေး အကြီး ခွဲခြားသိစေရန်

(နည်းလမ်းအမျိုးမျိုးဖြင့်သင်ကြားရန်)


အဆင့် ၄


ရေးသားခြင်း အပိုင်း


(က) လေ့ကျင့်ခန်းစာအုပ်ပါကိန်းများကို ထပ်၍ရေးသားခြင်းဖြင့်လေ့ကျင့်စေခြင်း ( အသံထွက်၍ရေးသားရန်လိုအပ်ပါသည်)


အဆင့် ၅


ရေတွက်ခြင်း


နည်းလမ်းအမျိုးမျိုးဖြင့်သင်ကြားနိုင်သည်။


အဆင့် ၆


သိရှိခြင်းအဆင့် နှင့်အတူ ရေးသားခြင်းအဆင့်တတ်မြောက်သွားသည်ဖြစ်၍


လေ့ကျင့်ခန်းပုံစံအမျိုးမျိုးအသုံးပြုသင်ကြားနိုင်သည်။


ဥပမာ 

ကိန်းဂဏန်းများပေး၍ လိုချင်သောကိန်းကိုအရောင်ခြယ်စေခြင်း


ကိုယ်စားပြုများဖော်ပြ၍ ကိန်းအရေအတွက်ကိုရေးသားစေခြင်း


ကိန်းဂဏန်းများကို အစဥ်လိုက်ပြန်လည်ရေးသားစေခြင်း


အနဲအများ သိူ့မဟုတ် အကြီးအသေး နှိုင်းယှဥ်စေခြင်း


ကိန်းဂဏန်းကိုပေး၍ ကိုယ်စားပြုများဆွဲသားစေခြင်း


စသည့် အဆင့် ၆ဆင့်အတိုင်း သင်ကြားနည်းပုံစံအမျိုးမျိုးကိုအသုံးပြု၍သင်ကြားသွားရန်လိုအပ်ပါသည်။


ထိုသို့သင်ကြားရာတွင် မည်သည့်အခက်အခဲများကို တွေ့ရှ်ရမည်နည်း။


ထိုအခက်အခဲများကို မည်သို့ဖြေရှင်းရမည်နည်း။


(အသုံးပြုနိုင်သည့် သင်ထောက်ကူများကိုဖော်ပြထားပါသည်။)


          ဦးစစ်နိုင် (ပညာရေး နတ်တလင်း)












Comments