KG သင်ရိုးညွှန်းတမ်းခေါင်းစဉ်ဆိုတာ ဘာလဲ။

 🙋📗#အစကောင်းမှအနှောင်းသေချာ💁📗


KG သင်ရိုးညွှန်းတမ်းခေါင်းစဉ်ဆိုတာ ဘာလဲ။


သင်ရိုးသစ် သူငယ်တန်းမှာ ဆရာလမ်းညွှန်ဆိုတာ ရှိပါတယ်။ အစိမ်းရောင်စာအုပ်လို့သိကြပါတယ်။

အဲဒီစာအုပ်ဟာ စာသင်နှစ်တစ်နှစ်စာ ယေဘုယျ သင်ရိုးမာတိကာပဲဖြစ်ပါတယ်။ ဘယ်အချိန် ဘယ်နယ်ပယ် ဘယ်ခေါင်းစဉ် ဘယ်အကြောင်းအရာ သင်ကြားဖို့ဆိုတာ အကုန် ပါပါတယ်။


တချို့ရောထွေးနေတတ်တာက သူငယ်တန်းမှာ ကခABC သင်ရုံပဲ။ ဘာမှမသင်ရဘူး ထင်တတ်ကြပါတယ်။ အဲလိုမဟုတ်ပါဘူး။ သင်ကြားရေး ခေါင်းစဉ် (၁၅)ခုမှာ Gradeအဆင့်လိုက်သင်ကြားသွားမယ့် ဘာသာရပ်အခြေခံတွေ ထည့်သွင်းထားတာဖြစ်ပါတယ်။ 


🚫

ဒါကြောင့် သူငယ်တန်းတက်ထားတဲ့ ကလေးနဲ့ မတက်ထားတဲ့ ကလေးကို ပထမတန်းသင်ကြားရာမှာ ကွာခြားမှုရှိပါတယ်။ 🚫


လက်ရှိစနစ်အရ အသက်(၆)နှစ်ပြည့်တဲ့အခါ ပထမတန်းကို တိုက်ရိုက်တက်ရောက်နိုင်ပါတယ်။ ဒါကြောင့် သူငယ်တန်းကို ကျောင်းအနေနဲ့ တက်သည်ဖြစ်စေ၊မတက်သည် ဖြစ်စေ  ဒီအကြောင်းအရာတွေတော့ သင်ထားဖို့လိုပါတယ် ရှင်။


KGသင်ရိုးခေါင်းစဉ်(၁၅)ခုရှိပါတယ်။ 

အဲဒါတွေကတော့...


(၁) မိမိအကြောင်း

(၂) တို့မိသားစု

(၃) တို့ကျောင်း

(၄) တိုံ့ရပ်ရွာ

(၅) အပင်များ

(၆) ရာသီဥတု

(၇) သယ်ယူပို့ဆောင်ရေး

(၈) စျေးများ

(၉)ပွဲတော်

(၁၀) ငါး

(၁၁) ရေ

(၁၂) ပိုးကောင်လေးများ

(၁၃) အိမ်များ

(၁၄) ငှက်များ

(၁၅) နို့တိုက်သတ္တဝါများ   တို့ဖြစ်ပါတယ်။


ဒီခေါင်းစဉ်တွေသင်ကြားတဲ့အခါ ဆရာက ကိုယ်တိုင်ဖန်တီး သင်ထောက်ကူအသုံးပြုပြီး သင်ကြားရပါတယ်။ လေ့ကျင့်ခန်းပေးတာ၊ လက်တွေ့စမ်းသပ်ကြည့်တာ၊ ပတ်ဝန်းကျင်လေ့လာတာ၊ လုပ်ငန်းပေးတာ၊ activities တွေဆောင်ရွက်တာ စသဖြင့် အမျိုးစုံပါဝင်ပါတယ်။ နမူနာသင်ခန်းစာလေးတွေ ပြထားပေးပါတယ်။


ဒါကြောင့် 

သူငယ်တန်းသင်ရိုးက ကျယ်ပြန့်ပါတယ်။

အဆတ်မပြက်လေ့လာမှုအများကြီး လိုအပ်ပါတယ်။


သူငယ်တန်း သင်ရိုးသစ်ဆိုတာ "က ၊ ခ"

ရေးတတ်ရုံနဲ့ မပြည့်စုံပါဘူး ရှင်။


အရေးကြီးဆုံးက....... 


#ဘယ်အတန်းမှာ မဆို သူ့ level နဲ့သူ 

တတ်သင့် တတ်ထိုက်တာတွေ... သိသင့် သိထိုက်တာတွေကို ဆရာက သင်ပြပေးဖို့ အထူး လိုအပ်ပါတယ် ရှင့်


ဒီလိုမှ လာမယ့် တခြားအတန်းမှာ အဆင်ပြေမှာပါ ရှင်။


ဆရာကြီးလုပ်ပြီး ပြောပြခြင်း မဟုတ်ရပါ ရှင်

ကလေးလေးတွေအတွက် ပြောပြရခြင်းသာပင်။


ကျွန်မနဲ့ ခင်မင်သူအားလုံး

သိစေချင်၍ မျှဝေပါသည်  ရှင်....


ကျန်းမာပျော်ရွှင်စွာ  ပညာသင်နိုင်ကြပါစေ ရှင့်

မေတ္တာဖြင့်.......


📷crd....☺











Comments