#ပထမ့တန်း G-1မြန်မာစာ ကျနော် မသင်ရ့ပါဘူး ဆိုတာကို ကျနော် သင်ခဲ့ရင် ဘယ်လို သင်ပြမလဲဆိုတဲ့ ကျနော့်ရဲ့နည်းလေးကို POSTတင်ပေးစေလိုပါတယ်လို့ တောင်းဆိုလာသူတွေအတွက်နဲ့ အခြားသိလိုသူများအတွက်ရည်ရွယ်ပါတယ်ဗျ...။
မြန်မာစာ စာလုံးပေါင်း ရွတ်ဆို
စ့တင်သင်နည်း၄နည်းနဲ့ ယှဉ်တွဲပြောပြရ့ရင် အဆင်ပြေမလား ထင်မိပါတယ်ဗျ…။
ဥပမာအားဖြင့်{ဆရာမ}စာလုံးကို
(၁)ဆ့လိမ်ရေး=ဆ့
ရ့ကောက်ရေးချ=ရာ(ဆရာ)
မ့ရေး=မ့{ဆရာမ့} ဟူ၍ဗျည်းအမည်ဖြင့်အသံထွက်အဆင့်ဆင့်ကိုလည်းကောင်း…
(၂)ဆ့
ရ့ရေးချ=ဆရာ
မ့ {ဆရာမ့}ဟူ၍ ဗျည်းအသံထွက်ဖြင့် အသံထွက်အဆင့်ဆင့်လည်းကောင်း…
(၃)ဆ့လိမ့်
ရ့ကောက်ရေးချ
မ့
{ဆရာမ့} ဟူ၍ ဗျည်းအမည်ဖြင့် အသံထွက်အချုပ်ကိုလည်းကောင်း…
(၄)ဆ့
ရ့ရေးချ
မ့
{ဆရာမ့} ဟူ၍ ဗျည်းအသံထွက်ဖြင့် အသံထွက်အချုပ်ကိုလည်းကောင်း…
ရွတ်ဆို သင်နိုင်ပါ၏…။
တကယ်ဆိုလျင် ဒေသ့နှင့်ကိုက်ညီမှုကို ရွေးခြယ်၍ မိမိကျွမ်းကျင်သည့်နည်းဖြင့်သာ သုံးသင့်ပါသည်…။
(က){စပါး}
စ့လုံးရေး(စ့)…
ပ့စောက်ရေးချ ဝစ္စနှစ်လုံးပေါက်(ပါး){ဇဘား} ဟူ၍ ဗျည်းအမည် သရ့အမည် တစ်လုံးချင်းစီ ယှဉ်တွဲ ရွတ်ဆိုသင်ပြနည်းကို မြန်မာစကားကျွမ်းကျင်ပိုင်နိုင်စွာ ပြောဆိုနေကြသော ဒေသ့များတွင် သင်သင့်ပါသည်…။ စာတစ်လုံးချင်း တစ်ဆင့်ချင်း အသံထွက်ရွတ်ဆိုမှုများကို ထိုနည်းက့ သိစေသည့်အပြင် အသံနေအသံထားဖြင့် သင်နိုင်သဖြင့် စကားအသံ ပြေပြစ်ခြင်းကိုပါ လေ့ကျင့်ပေးရာ ရောက်စေသောနည်းဖြစ်ပါသည်…။
ဥပမာ{စာဥ}
စ့လုံးရေးချ(စာ) အက္ခရာအု{စာအု}
(ခ)အော ဇ့ရေးချ(အောဇာ)
သ့လုံးကြီးတင်ဆန်ခတ်(သီ)ဝစ္စနှစ်လုံးပေါက်(သီး){အောဇာသီး} ဟူ၍ သင်ကြား ခြင်းသည် အထက်ဖေါ်ပြပါ မြန်မာစကား ကျွမ်းကျင်ပိုင်နိုင်သော ဒေသ့တွင် သုံးသင့်သော ဒုတိယ့နည်း ဖြစ်ပါသည်…။
ယ့ ဟုဆိုရာတွင် ရ့နှင့် ရောနှော လွဲမှားတတ်သည်ကို သတိချပ်ရ့မည်…။
ဥပမာ{အိုးစည်}
အ့လုံးကြီးတင် တစ်ချောင်းငင်(အို)ဝစ္စနှစ်လုံးပေါက်(အိုး) l စ့ ည့သတ်(စီ) {အိုးဇီ}
(ဂ){ကစားစရာ}
က့ကြီး စ့လုံးရေးချဝစ္စနှစ်လုံးပေါက် စ့လုံး ရ့ကောက်ရေးချ {ဂဇားဇယာ} ဟူ၍ ဗျည်းအမည်များ သရ့အမည်များ စကားစု အကုန်ပေါင်း အဆုံးတွင် စကားစု အသံထွက်ခြင်းနည်းကို မြန်မာစကား အသုံးနည်းသော ဒေသ့များတွင်သုံးသင့်ပါသည်…။
ဥပမာ{ဈေး}
သဝေထိုး ဇ့မျဉ်းဆွဲ ဝစ္စနှစ်လုံးပေါက် {ဇေး}
(ဃ){အနွေးထည်}
အ့ သဝေထိုး န့ ဝ့ဆွဲ ဝစ္စနှစ်လုံးပေါက် ထ့ ည့သတ်{အနွေးထယ်} ဟူ၍ စကားစု အဆုံးတွင်မှ ရွတ်ဆိုသင်ပြခြင်းကိုလည်း မြန်မာစကား အသုံးနည်းသော ဒေသ့များတွင် ထိုနည်းကို သုံးသင့်သည်ဟူ၍ ထင်မြင်မိပါကြောင်း မေးသူအား ကျနော် ဖြေပါရ့စေ…။
ဥပမာ{လယ်သမား}
လ့ ယ့သတ် သ့ မ့ရေးချ ဝစ္စနှစ်လုံးပေါက် {လယ်သမား}
#G1မြန်မာဖတ်စာ သင်ကြားသင်ယူမှု POSTတင်ခြင်းကို နိဂုံးချုပ်ရ့ပါလျင်ကား…
စ့တင်သင်ကြား သင်ယူမှု အတွက် အကောင်းဆုံးအဆင့်အမြင့်ဆုံး မှာမူကား…
တစ်ဆင့်ချင်း သိစေသော l လေယူလေသိမ်း ပြေပြစ်ချိုသာစေသော (၁)နှင့်(က)နည်းများကို ကျနော် အနှစ်သက်ဆုံးမို့ ရည်ညွှန်းမိသည်ဟု စကားချပ် ထပ်မံ ဖြည့်စွက် တင်ပြလိုက်ရ့ပါ၏…။
UTHA
မောင်စိန်ထူး(ပခုက္ကူ)
မသင်ရ့သည်ကို G-1မြန်မာဖတ်စာဖြင့် တိုက်ဆိုင် မှန်းဆ့ ရေးသားခြင်းသာ ဖြစ်ပါသည်...။
ရမ်းသမ်းရေးသားခြင်းမျိုး မဟုတ်ပါ...။
အမှားပါလျှင် ခွင့်လွှတ်ခြင်းထက် ရှင်းပြပြင်ဆင်ပေးခြင်းကိုသာ မျှော့်လင့်ပါ၏...။
❤◦.¸¸. ◦✿UTHA❤UTHA✿◦.¸¸. ◦❤
ဗဟုသုတအဖြစ် လေ့လာခဲ့ဖူးသည်ကို တင်ပြခြင်းသာ ဖြစ်ပါသည်ခင်ဗျ... ။
Comments
Post a Comment